Moon Kang-Tae (Kim Soo-Hyun) က စိတ်ရောဂါအထူးကုဌာနမှ ဝန်ထမ်းတစ်ယောက်ဖြစ်ပြီး သူ့တာဝန်က လူနာတွေရဲ့ အခြေအနေကို မှတ်သားရေးချထားရပြီး လူနာတွေကြားက ဲ့မမျှော်လင့်ဘဲ ဖြစ်တတ်တဲ့ ပြဿနာပေါင်းစုံကို တာဝန်ယူဖြေရှင်းပေးရသူပါ။ Moon Kang မှာ သူ့ထက် ၈ နှစ်ကြီးတဲ့ Autism ခံစားနေရတဲ့ အစ်ကို ကို စောင့်ရှောက်နေသူပါ။တစ်လဝင်ငွေ 1500$ ကျော်သာ ရရှိတဲ့ ဝန်ထမ်းတစ်ယောက်ပါ (သူတို့နိူင်ငံအနေနဲ့ဆို 1500$ က ဝင်ငွေနည်းသူထဲ ပါပါတယ်)။ သူ့ဘဝအတွက် သူ့အစ်ကိုဟာ အရေးအကြီးဆုံးဖြစ်သူပါ။ သူ့မှာ အိပ်မက်အကြီးကြီးတွေမရှိဘူး။ သူသိတာက အစ်ကိုနဲ့သူ့အတွက် ပိုက်ဆံများများရှာ ပိုကောင်းတဲ့ ဘဝကိုပဲ လိုချင်သူတစ်ယောက်ပါ။ Ko Moon-Young (Seo Ye-Ji) ကတော့ နာမည်ကျော် ကလေးပညာပေးပုံပြင်စာအုပ်ရေးသားသူတစ်ယောက်ဖြစ်ပေမယ့် သူက အလွန်တစ်ကိုယ်ကောင်းဆန်တတ်သူပါတဲ့ ။အမေက ရာဇဝတ်မှုတွေ မှုခင်းတွေကို ရေးသားတဲ့ စာရေးဆရာမဖြစ်ပြီး အဖေဖြစ်သူက ကိုရီးယားစာပေ ပါမောက္ခ တစ်ယောက်ဖြစ်တာကြောင့်ငယ်ကတည်းက သူ လိုချင်တာ အကုန်ရခဲ့သူတစ်ယောက်ပါ။ အချစ်ကိုလည်း စိတ်မဝင်စားတဲ့ သူနဲ့ ကလေးပုံပြင် ရေးတဲ့ စာရေးဆရာမတို့ ဆုံတွေ့မိကြတဲ့အခါမှာတော့.. တစ်ယောက် စိတ်ဒဏ်ရာကို တစ်ယောက်က ကုပေးမလား။ မတူညီတဲ့ အခြေအနေ နှစ်ခုကြားကပဲ ကြိုက်သွားမလား။ စိတ်ရှည် သည်းခံတတ်သူနဲ့ တစ်ကိုယ်ကောင်းဆန်သူတို့ကြားက အချစ်ရေးနဲ့ ညီအစ်ကို သံယောဇဉ်တွေကိုပါ တွေ့မြင်ရမယ့် ဇာတ်ကားကောင်း တစ်ကောင်းပါ။
| No | Server Name | Size | Resolution | Link |
|---|---|---|---|---|
| 1 | Telegram | - | HD | Open |