Head Over Heels (2025

    Head Over Heels (2025

    8.8
    2025
    1 Seasons
    Romance
    Drama
    Fantasy
    Supernatural

    Director: Kim Yong-wan

    Synopsis

    Head Over Heels (2025) အပိုင်းသစ် (1 မှ 12) စ/ဆုံး The Trauma Code: Heores on Call, The Tale of Lady Ok, Mercy for None တို့မှာ ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်ရင်ထဲကိုရောက်လာခဲ့တဲ့ ကိုလူချောလေး “Choo Yeong Woo” နဲ့ Hospital Playlist, The Matchmakers, All of Us Are Dead စတဲ့ နာမည်ကြီးကားတွေရဲ့ အလှပဂေးလေး “Cho Yi Hyun” တို့ရဲ့ Fantsy-Romance ကားသစ်လေးရပါပြီ။ အထက်တန်းကျောင်းသူလေး “ဘတ်ဆောင်းအာ” က အများအမြင်မှာတော့ သာမန် အထက်တန်းကျောင်းသူလေးဆိုပေမဲ့ ညဘက်တွေမှာ နတ်ဆရာမအဖြစ်လုပ်ကိုင်လျက်ရှိတဲ့ ထူးခြားတဲ့စွမ်းရည်ပိုင်ရှင်လေးပါ။ “ဆောင်းအာ” က သူ့ရဲ့သရုပ်မှန်ကို ဖုံးကွယ်ဖို့အတွက် ညဘက်အလုပ်လုပ်တဲ့အခါ မျက်နှာရဲ့ တချို့တစ်ဝက်ကို ဖုံးကွယ်ထားလေ့ရှိတယ်။ “နတ်သမီးလေး ချွန်းဂျီ” လို့ နာမည်ကြီးပြီး အနာဂတ်အကြောင်း, ကံကြမ္မာအကြောင်း, ကျန်းမာရေးနဲ့ တခြားကိစ္စတွေကို လာမေးတဲ့သူတွေဆိုတာလည်း မပြတ်ပဲပေါ့။ ဒီလိုနဲ့တစ်ညကျတော့ “နတ်သမီးလေး ချွန်းဂျီ” ဆီကို “ဘယ်ဂယွန်းအူ” နဲ့ အမေဖြစ်သူတို့ အကြားအမြင်မေးဖို့ ရောက်လာပါတော့တယ်။ နတ်ဆရာမလည်း လူထဲကလူဖြစ်တာကြောင့် ချစ်တတ်တဲ့နှလုံးသားရှိတာပဲမို့ “ဂယွန်းအူ” ကို မြင်မြင်ချင်းချစ်မိသွားပါလေရော။ ဒါပေမဲ့ ချစ်ရတဲ့ကောင်လေးရဲ့ကံကြမ္မာက မကြာခင်သေရတော့မဲ့ ကံကြမ္မာဖြစ်နေသလို နောက်တစ်နေ့ ကျောင်းတက်တော့လည်း “ဂယွန်းအူ” က သူ့အတန်းကိုပြောင်းလာတဲ့ ကျောင်းပြောင်းကျောင်းသားသစ်ဖြစ်နေပြန်ပါရော။ ဒါနဲ့ပဲ နတ်ဆရာမလေးလည်း ချစ်ရတဲ့ကိုလူချောကို ကံကြမ္မာဆိုးကနေလွတ်မြောက်နိုင်အောင် ကူညီကယ်တင်ပေးဖို့ဆုံးဖြတ်လိုက်ရာကနေ ဘယ်လိုအလွဲတွေဖြစ်လာဦးမလဲဆိုတာကို ရိုရိုချိုချိုလေးရှုစားနိုင်ဖို့ အပတ်စဥ် တနင်္လာ, အင်္ဂါနေ့တိုင်း တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။

    11

    Download Links

    NoServer NameSizeResolutionLink
    1Telegram600mb
    HD
    Open
    2MEGA-
    HD
    Open