ချွဲဆောင်းဟျိုနဲ့ ဘယ်ဆော့ရူတို့က အသက် (၄)နှစ်အရွယ်ကတည်းက စတင်သိကျွမ်းခင်မင်လာခဲ့ကြတဲ့ ငယ်ပေါင်းသူငယ်ချင်းတွေပါ တက္ကသိုလ်ဘွဲ့ရပြီးနောက်ပိုင်း ကိုယ်စီ ကိုယ်ပိုင်လမ်းကို လျှောက်ကြတဲ့အခါမှာ ချွဲဆောင်းဟျိုကတော့ ကိုးရီးယားမှာ ထူးချွန်တဲ့ဗိသုကာပညာရှင်ဖြစ်လာပြီးတော့ “အင်”လို့ခေါ်တဲ့ ဗိသုကာအလုပ်ရုံကို ဦးစီးလုပ်ကိုင်ပါတယ် ဆောင်းဟျိုကတော့ ဉာဏ်စွမ်းရည်ပြည့်စုံသည်သာမကဘဲ ရူပါလည်း ဖြောင့်ပြီး အကျင့်စရိတ္တလည်း ကောင်းမွန်သူတစ်ဦးပါ ဘယ်ဆော့ရူကတော့ “ကျောင်းနေပျော်၍ စာတော်ရမယ်” ဆိုတဲ့ဆောင်ပုဒ်အတိုင်း ကျောင်းစာထူးချွန်ပေမဲ့လည်း ပျော်ပျော်နေတတ်တဲ့ ငမွှေစိန်လေးပါ ဘွဲ့ရပြီးနောက်ပိုင်း နိုင်ငံခြားကုမ္ပဏီကြီးတစ်ခုမှာ ရာထူးကြီးနဲ့ဝင်လုပ်ရင်း နောက်ပိုင်းအလုပ်ထွက်ကာ အမိနိုင်ငံကို ပြန်ရောက်လာတဲ့အခါမှာတော့ ငယ်ပေါင်းဖော်ကြီးဆောင်းဟျိုနဲ့ ပြန်ဆုံမိကြပါတော့တယ် လူကြီးအဖြစ်နဲ့ပြန်ဆုံကြချိန်မှာ တကျက်ကျက်ရန်ဖြစ်ရင်းကနေ တစ်ရစ်ပြီးတစ်ရစ် အချစ်နှောင်ကြိုးတွေ ဘယ်လိုချည်မိကြမလဲဆိုတာကိုရင်ခုန်ကြည့်ရှုရမှာပါ။
| No | Server Name | Size | Resolution | Link |
|---|---|---|---|---|
| 1 | Telegram | 600MB | HD | Open |