Ep-1 to 16 [အစ-အဆုံး] ဒီတစ်ခါ တင်ဆက်ပေးသွားမဲ့ ကားလေးက Ahn Bo Hyun နဲ့ Park Ji Hyun တို့ ပါဝင်ထားတဲ့ အမိုက်စား အက်ရှင်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ လူချမ်းသာသူဌေးမိသားစုကြီးတစ်ခုရဲ့ ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းနေပြီး မိသားစုရဲ့ နောက်ခံနဲ့ စုံထောက်ဖြစ်လာဖို့ အကြောင်းဖန်လာတဲ့ သူဌေးသားလေး ဂျင်အီဆူ ( Ahn Bo Hyun ) အလုပ်ထဲမှာပဲ စိတ်နှစ်မြုပ်ပြီး တရားခံကို ဖမ်းဖို့ပဲ စိတ်အားထက်သန်နေတဲ့ အလုပ်ကို အရမ်းချစ်မြတ်နိုးတဲ့ အကြမ်းဖက်ရာဇဝတ်မှုအဖွဲ့ရဲ့ ရဲရင့်တဲ့ စုံထောက်မလေး အီဂန်ဟျွန်း ( Park Ji Hyun ) ဂျင်အီဆူက သူဌေးသားဆိုတဲ့အတိုင်း အလုပ်လုပ်တဲ့နေရာမှာလည်း သူ့ရဲ့ ချမ်းသာကြွယ်ဝမှု၊ မိသားစုနောက်ခံနဲ့ အဆက်အသွယ်တွေ သုံးပြီး လူဆိုးတွေ ဖမ်းလေ့ရှိတယ်။ အဲဒီလို သူဌေးသားက စုံထောက်လုပ်နေတော့ အလုပ်မှာပဲ ဘဝကို ပုံအောထားတဲ့ စုံထောက်မလေး အီဂန်ဟျွန်းအတွက်တော့ မျက်စိဆံပင်မွှေးဆူးစရာဖြစ်နေတော့တာပေါ့။ အဲဒီလိုနဲ့ ဒီနှစ်ယောက်ဟာ အကြမ်းဖက်ရာဇဝတ်မှုအဖွဲ့မှာ အလုပ်အတူတူ လုပ်ကိုင်ဖို့ ဖြစ်လာတဲ့အခါ ~ သူတို့နှစ်ယောက် ဘယ်လိုမျိုး အမှုတွေကို ဖြေရှင်းပြီး တရားခံတွေကို ဖမ်းမလဲ အလုပ်အတူတွဲလုပ်နေရင်း အီဆူအပေါ်ထားတဲ့ ဂန်ဟျွန်းရဲ့ စိတ်သဘောထားတွေရော ပြောင်းလဲသွားလောက်လားဆိုတာကို ရသစုံလင် စိတ်ပါဝင်စားစွာ ကြည့်ရှုရမဲ့ Actoin၊ Comedy၊ Crime & Romance ကားလေးဖြစ်တာမို့ ကြည့်ရှုအားပေးပါဦးနော်။
| No | Server Name | Size | Resolution | Link |
|---|---|---|---|---|
| 1 | Telegram | - | HD | Open |