ဇာတ်လမ်းအညွှန်း Kim Mu Bi ဟာ ရုပ်ရှင်တွေကို သူ့ထက် ပိုချစ်မြတ်နိုးတဲ့ အဖေ့ကိုမုန်းတီးစိတ်ကြောင့်ပဲ ရုပ်ရှင်ဆိုတဲ့အရာကို သိရဖို့အတွက် ရုပ်ရှင်ဒါရိုက်တာတစ်ယောက် ဖြစ်လာချင်သူပါ။ Go Gyeomရဲ့ရည်မှန်းချက်ပန်းတိုင်ကတော့ ကမ္ဘာပေါ်မှာရှိတဲ့ရုပ်ရှင်မှန်သမျှကို ကြည့်ရဖို့ပဲဖြစ်ပါတယ်။ ဒီလိုနဲ့ ရုပ်ရှင်ကိုချစ်မြတ်နိုးသူနဲ့ ရုပ်ရှင်ဆိုတဲ့အရာကို သိချင်နေတဲ့လူနှစ်ယောက် ဘယ်လိုတွေ့ဆုံကြမလဲ … တစ်ဖက်မှာတော့ Hong Shi-Joonဟာတေးရေးဆရာတစ်ယောက် သူ့ကိုယ်သူလူတော်လို့သတ်မှတ်ထားသူဖြစ်ပြီး သူ့ရည်းစားဟောင်းဖြစ်တဲ့ Son Joo-A ကတော့ ဇာတ်ညွှန်းစာရေးဆရာမ တစ်ယောက်ဖြစ်ပါတယ်။သူတို့ကရော ဘယ်လိုတွေပြန်လည်တွေ့ဆုံကြမလဲ … ဒီလိုနဲ့ပဲ အိပ်မက်တွေကို အကောင်အထည်ဖော်ချင်ကြပေမဲ့ လမ်းပျောက်နေကြတဲ့ လူငယ်တွေ အချင်းချင်းတွေ့ဆုံပြီး စိတ်ဒဏ်ရာတွေကို ဘယ်လိုကုစားသွားကြမလဲ.. ဒဏ်ရာကိုယ်စီရှိကြတဲ့ လူငယ်တွေရဲ့ အိပ်မက်နဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်....
| No | Server Name | Size | Resolution | Link |
|---|---|---|---|---|
| 1 | Telegram | - | HD | Open |