တူဖြစ်သူနဲ့ သစ္စာခံ အမတ်ခြောက်ဦးကို သတ်ပြီး ထီးနန်းကို လုယူခဲ့တဲ့ ဆယ်ဂျိုဘုရင်အကြောင်းကို ရေးသားထားတဲ့... 'တော်ဝင်မှူးမတ်ခြောက်ဦး'ဆိုတဲ့ စာအုပ်ဟာ ပြည်သူလူထုကြားထဲ ပျံ့နှံ့နေတာကြောင့် ဆယ်ဂျိုဘုရင် (Park Hee-Soon) က... ဒီကိစ္စကို ဖြေရှင်းဖို့ အကြံပေးအမတ်ချုပ် ဟန်မြောင်ဟွယ် (Son Hyun-Joo) ကို တာဝန်ပေးပါတော့တယ်။ ဒါကြောင့် ဟန်မြောင်ဟွယ်က အရည်အချင်းထူးချွန်ပြီးဉာဏ်နီဉာဏ်နက်များတဲ့ လူပြက်အဖွဲ့ကို လိုက်ရှာပါတော့တယ်။ ပုံပြောသူ ဒေါ့ဟို (Cho Jin-Woong), မျက်လှည့်ဆရာ ဟုန်းချီ (Ko Chang-Seok), နတ်ဝင်သည် ဂွန်းဒေါ့ (Kim Seul-Gi), ပန်းချီဆရာ ဂျင်ဆန်း (Yoon Park), အကသမား ဖာဖွန်း (Kim Min-Suk) တို့ဟာ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ပြောင်းလဲပေးနိုင်တဲ့အထိ... အစွမ်းထက်တဲ့ လူပြက်အဖွဲ့ဖြစ်တာကြောင့် ဟန်မြောင်ဟွယ်နဲ့အပေးအယူလုပ်ကာ ဆယ်ဂျိုဘုရင်ရဲ့ ဂုဏ်ကျက်သရေကို မြှင့်တင်ပြီး ပြည်သူအများရဲ့ ချစ်ခင်လေးစားမှုကို ရရှိဖို့ မျိုးစုံအကွက်ဆင်ကာ ပြည်သူတွေကို လှည့်စားဖို့လုပ်ပါတော့တယ်။ တကယ်ပဲ ဆယ်ဂျိုဘုရင်က ခစားထိုက်တဲ့ ဘုရင်တစ်ပါးဖြစ်မလား၊ ဟန်မြောင်ဟွယ်ကရော သူ့အကျိုးအမြတ်အတွက် လူပြက်အဖွဲ့ကို... ဘယ်လိုအသုံးချသွားမလဲ၊ လူပြက်အဖွဲ့ကရော သမိုင်းကို လှည့်စားမလား ဒါမှမဟုတ် အမှန်တရားကိုချပြမလားဆိုတာကို ကြည့်ရှုလိုက်ရအောင်ပါ။
| No | Server Name | Size | Resolution | Link |
|---|---|---|---|---|
| 1 | Telegram | 900MB | HD | Open |