ဂျိုဆွန်းခေတ်က ဉာဏ်ရည်ထက်မြက်တဲ့အပြင် ကောက်ကျစ်စဥ်းလဲပြီး ရည်မှန်းချက်ကြီးတဲ့ “ဂန်ဒန်ရှင်း” ဆိုတဲ့ တော်ဝင်ကိုယ်လုပ်တော်ရဲ့အကြောင်းနဲ့ အစပြုထားပါတယ်။ “ဂန်ဒန်ရှင်း” က နာမည်ဆိုးနဲ့ကျော်ကြားပြီး အကြင်နာတရားမရှိ ရက်စက်တတ်တဲ့သူဖြစ်တဲ့အလျောက် နောက်ဆုံးမှာ အဆိပ်သောက်သေဖို့အတွက် သေဒဏ်ပါချမှတ်ခံလိုက်ရတဲ့သူပေါ့။ ဒီလိုနဲ့သေဒဏ်ချမှတ်ခံလိုက်ရလို့ သေဆုံးသွားတဲ့ “ဂန်ဒန်ရှင်း” ရဲ့ကံကြမ္မာက ဒီမှာတင်အဆုံးမသတ်သွားသေးဘဲ မျက်မှောက်ခေတ် ၂၁ ရာစုနှစ်ရဲ့ မအောင်မြင်မကျော်ကြား ဇာတ်ဝင်ခန်းသေးသေးလေးတွေမှာပဲသရုပ်ဆောင်ခွင့်ရတဲ့ သရုပ်ဆောင်မင်းသမီး “ရှင်းဆောရီ” ရဲ့ခန္ဓာကိုယ်ထဲကို “ဂန်ဒန်ရှင်း” ရဲ့ဝိညာဥ်ဝင်ရောက်လာတဲ့အခါ .. ။ ဆိုးသွမ်းတဲ့ ကိုယ်လုပ်တော်ဝိညာဥ်ဝင်ပူးခံထားရတဲ့ ရုပ်ရှင်မင်းသမီး “ရှင်းဆောရီ” တစ်ယောက် .. အေးစက်တဲ့အကျင့်စရိုက်နဲ့ အာဏာကြီးသူဌေးမျိုးရိုးရဲ့အမွေဆက်ခံသူ “ချာဆယ်ဂယ်” နဲ့တွေ့ဆုံရာကနေ love-hate relationship တစ်ခု စတင်လာတဲ့အခါမှာတော့ .. ဘယ်လို အလွဲအချော်တွေနဲ့ ရယ်စရာ၊ အသည်းယားစရာတွေ ဖြစ်လာမလဲ .. ဂျိုဆွန်းခေတ်ရဲ့ ဆိုးသွမ်းတဲ့တော်ဝင်ကိုယ်လုပ်တော် နဲ့ မျက်မှောက်ခေတ်ရဲ့ရုပ်ရှင်မင်းသမီးတစ်ယောက်အနေနဲ့ နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားတဲ့ မမ Lim Ji Yeon ရဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူ မင်းသားချော Heo Nam Jun ကိုလည်း ခေါင်းဆောင်မင်းသားအနေနဲ့တွဲဖက်မြင်တွေ့ရမှာဖြစ်လို့ အပတ်စဥ် သောကြာ နဲ့ စနေနေ့တိုင်းမှာရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။
| No | Server Name | Size | Resolution | Link |
|---|---|---|---|---|
| 1 | Telegram | - | HD | Open |