အိမ်ရှေ့စံမင်းသားအီဂတ်ဟာ သူရဲ့ ကြင်ယာတော်ဖြစ်သူ ဟွာယောင်းရဲ့ ရုတ်တရက် ဆန်းကြယ်စွာ သေဆုံးမှုကြောင့် တပည့်သုံးယောက်နဲ့ အတူ တရားခံကို ရှာပုံတော်ဖွင့်ရာကနေ နှစ် (၃၀၀) ကျော် ခုန်ကူးပြီး ယနေ့ ခေတ်သစ်ဆိုးလ်ကို ရောက်ရှိလာပါတော့တယ်။ တစ်ဖက်မှာလည်း ဘတ်ဟာဟာ အဖေဖြစ်သူ နောက်အိမ်ထောင်ပြုပြီးနောက် မိထွေးသားအမိနဲ့ အတူနေထိုင်ရင်း တစ်နေ့မှာ မိသားစုနဲ့ လူချင်းကွဲသွားပြီး အမေရိကားမှာ မွေးစားခံလိုက်ရပါတော့တယ်။ ဒီလိုနဲ့ အဖေ့ရဲ့အကြောင်းကို အမြဲတမ်း တောက်လျှောက် စုံစမ်းနေခဲ့ရာကနေ သတင်းအစအနလေးရလို့ ဆိုးလ်ကို ပြန်လာပြီးနောက် ဆိုးလ်မှာပဲ အခြေချနေထိုင်ဖြစ်သွားပါတော့တယ်။ အဲဒီလိုနဲ့ တစ်နေ့မှာ ရိုးရာနန်းတွင်းဝတ်စုံ အပြင်အဆင်နဲ့ ထူးဆန်းတဲ့ လူလေးယောက်ကို သူ့ရဲ့ ခေါင်မိုးထပ်အိမ်လေးမှာ ရုတ်တရက်တွေ့လိုက်ရတဲ့အခါမှာတော့ .... ဂျိုဆွန်းခေတ်ကနေ လာတဲ့ သူတို့လေးယောက် ခေတ်သစ်ဆိုးလ်ကို ရောက်လာတဲ့အခါ ဘယ်လိုအလွဲလေးတွေနဲ့ ကြုံရမလဲ .... အိမ်ရှေ့စံကြင်ရာတော်ရဲ့ သေဆုံးမှုကိုရော အမှုမှန်ပေါ်ပေါက်အောင် ဖော်ထုတ်သွားနိုင်ပါ့မလား ... အရာရာမတူကွဲပြားနေတဲ့ ခေတ်နှစ်ခေတ်မှာ သဟဇာတဖြစ်အောင် အိမ်ရှေ့စံနဲ့ သူရဲ့ တပည့်တပန်းတွေ ဘယ်လိုကြိုးပမ်းသွားမလဲဆိုတာကို ဒီကားလေးထဲမှာ အလွဲလေးတွေနဲ့ ရယ်မောရင်း ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
| No | Server Name | Size | Resolution | Link |
|---|---|---|---|---|
| 1 | Telegram | - | HD | Open |