ငယ်စဉ်ကတည်းက မိဘမဲ့ဂေဟာမှာ ကွဲကွာသွားခဲ့ကြတဲ့ ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ ဆန်းယွန်းနဲ့ ဟာယွန်းတို့ဟာ နှစ်ပေါင်း ၃၀ ကြာပြီးနောက် လူပျောက်ရှာဖွေရေး TV အစီအစဉ်တစ်ခုမှာ ပြန်လည်ဆုံစည်းခဲ့ကြပါတယ်။ အမေရိကန်မှာ ကြီးပြင်းလာပြီး သင်းအုပ်ဆရာတစ်ယောက် ဖြစ်လာတဲ့ အစ်ကိုကြီး ဆန်းယွန်းနဲ့ နတ်ဆရာတစ်ယောက် ဖြစ်လာတဲ့ ညီလေး ဟာယွန်းတို့ဟာ ယုံကြည်ကိုးကွယ်မှုချင်း မတူညီကြတဲ့ညီအစ်ကိုနှစ်ယောက် ဖြစ်ပြီးတော့ သူတို့ ပြန်လည်ဆုံတွေ့ပြီးတဲ့နေ့မှာပဲ အယ်လ်ဇိုင်းမားရောဂါ ခံစားနေရတဲ့ သူတို့အမေ ရုတ်တရက် ပျောက်ဆုံးသွားခဲ့ပါတယ်။ ဒါကြောင့် ညီအစ်ကိုနှစ်ယောက်ဟာ အမေ့ကို အတူတူလိုက်လံရှာဖွေရင်း မထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေနဲ့ ရယ်စရာအခြေအနေတွေကို ရင်ဆိုင်ကြရပါတော့တယ်။ မိသားစုအကြားက သံယောဇဉ်၊ ညီအစ်ကိုနှစ်ယောက်ရဲ့ မတူညီတဲ့ဘဝပုံစံတွေနဲ့ ဟာသတွေကို ပေါင်းစပ်ဖော်ပြထားတဲ့ မိသားစုဟာသဒရာမာကားကောင်းလေးတစ်ကား ဖြစ်တာကြောင့် ကြည့်ရှုကြဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်....
| No | Server Name | Size | Resolution | Link |
|---|---|---|---|---|
| 1 | Telegram | 1GB | HD | Open |