Demon Agent

    Demon Agent

    6
    2026
    2h
    anime
    Animation
    Comedy
    Family
    Fantasy

    Synopsis

    စက်သွားယန္တရားတွေ၊ မှော်ပညာတွေနဲ့ ဖန်တီးတည်ဆောက်ထားတဲ့ ခမ်းနားလှတဲ့ ချန်အန်း (Chang'an) မြို့ကြီးထဲမှာ လူသားတွေနဲ့ မိစ္ဆာတွေ အတူတကွ ယှဉ်တွဲနေထိုင်ကြမယ်ဆိုရင် ဘယ်လိုဖြစ်မလဲ။ ဒီတစ်ခါမှာတော့ (နာမည်ကျော် Jiang Ziya ကားကြီးရဲ့ ဒါရိုက်တာဖြစ်သူ Cheng Teng ကိုယ်တိုင် ရိုက်ကူးထားပြီး) ၂၀၂၆ ခုနှစ် သြဂုတ်လမှာ အသစ်ထွက်ရှိထားတဲ့ တရုတ် 3D Animation Mystery Comedy ကားကြီးဖြစ်တဲ့ "Demon Agent (2026) နဲ့ မိတ်ဆက်ပေးချင်ပါတယ်ခင်ဗျာ။ဒီကားကြီးဟာ တရုတ်နိုင်ငံရဲ့ "ပထမဆုံးသော ဟာသနဲ့ စုံထောက် အန်နီမေးရှင်းကားကြီး" အဖြစ် မှတ်တမ်းဝင်ထားပြီး၊ စက်ယန္တရား အငွေ့အသက်တွေနဲ့ ရှေးခေတ် ထန်မင်းဆက် ကို အမိုက်စား ပေါင်းစပ်ပုံဖော်ထားတဲ့ရုပ်ထွက် (CGI) တွေကြောင့် ပရိသတ်တွေကို အထူးပဲ ဆွဲဆောင်နိုင်ခဲ့တဲ့ ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း >>> လူနဲ့ မိစ္ဆာတွေ ရောနှောနေထိုင်တဲ့ လှပဆန်းကြယ်တဲ့ ချန်အန်း စက်ရုပ်မြို့တော်ကြီးမှာ ဇာတ်လမ်းကို စတင်ထားပါတယ်။ ဇာတ်လိုက်ဖြစ်သူ Di Shao ဟာ ချန်အန်းမြို့ရဲ့ နံပါတ်တစ် စုံထောက်ဖြစ်လာဖို့ အိပ်မက်မက်နေတဲ့ အလွန်ထက်မြက်ပေမဲ့ အပြောအဆိုကြမ်းတမ်းတဲ့ လူငယ်ပါရမီရှင်လေးပါ။ တစ်ဖက်မှာလည်း Asar လို့ခေါ်တဲ့ ဝံပုလွေမိစ္ဆာလေးဟာ သိုင်းပညာအရမ်းတော်ပေမဲ့ စိတ်ထားဖြူစင်လွန်းတဲ့ ရဲမင်းကြီးအဖွဲ့က အလုပ်သင်လေးပါ။လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ လူနဲ့ မိစ္ဆာ သူတို့နှစ်ယောက်ဟာ ချန်အန်းမြို့ကြီးကို တုန်လှုပ်သွားစေတဲ့ ထူးဆန်းတဲ့ လူသတ်မှုကြီးတစ်ခုကို အတူတူ ဖြေရှင်းဖို့ မထင်မှတ်ဘဲ အဖော်ဖြစ်လာကြပါတော့တယ်။ ပြစ်မှုကျူးလွန်သူကို ရှာဖွေရင်း သူတို့နှစ်ယောက်ရဲ့ ရန်ဖြစ်လိုက်၊ ဟာသတွေလုပ်လိုက်၊ အသက်လုပြေးလိုက်နဲ့ စုံထောက်ခရီးစဉ်ဟာ တကယ့်ကို ပေါ့ပေါ့ပါးပါးနဲ့ ရယ်မောချင်စရာပါ။ ဒါပေမဲ့ တကယ့်ဇာတ်လမ်းက အဲဒီလောက်နဲ့ မပြီးသွားပါဘူး။ သဲလွန်စတွေကို လိုက်ရင်းနဲ့ ဒီလူသတ်မှုတွေရဲ့ နောက်ကွယ်မှာ Bi Yi Niao လို့ခေါ်တဲ့ ဒဏ္ဍာရီလာ ငှက်ကြီးတွေရဲ့ သွေးစွန်းနေတဲ့ အတိတ်တွေ ပါဝင်ပတ်သက်နေတာကို တွေ့လိုက်ရပါတယ်။ ပိုဆိုးတာက သူတို့ နေထိုင်ရာ ချန်အန်းမြို့ကြီးရဲ့ လှပတဲ့ စက်ယန္တရားတွေ လည်ပတ်နေဖို့အတွက် တကယ့်နောက်ကွယ်မှာ ဘယ်လိုရက်စက်တဲ့ အမှောင်လျှို့ဝှက်ချက်တွေ ဖုံးကွယ်ထားသလဲဆိုတာကို သူတို့နှစ်ယောက် ဖော်ထုတ်လိုက်ရတဲ့အခါ... ဒီဇာတ်ကားကြီးဟာ သာမန် စုံထောက်ကားတွေလို အမှုတစ်ခုကိုပဲ ဖော်ထုတ်တာမျိုးမဟုတ်ဘဲ၊ မြို့တော်ကြီးရဲ့ လျှို့ဝှက်ချက်ကိုပါ သိလိုက်ရချိန်မှာ ဖြစ်ပေါ်လာမယ့် Plot Twist အလှည့်အပြောင်းတွေ၊ လူနဲ့မိစ္ဆာကြားက ခင်မင်မှုတွေနဲ့ အက်ရှင်ခန်းတွေကိုပါ ရသစုံလင်စွာ ခံစားရမှာဖြစ်လို့ Animation ချစ်သူတိုင်း မဖြစ်မနေ ကြည့်ရှုသင့်တဲ့ ကားကြီးဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်နော်။

    11

    Download Links

    NoServer NameSizeResolutionLink
    1Telegram1GB
    HD
    Open
    2MEGA1.7GB
    HD
    Open