The Art of Sarah (2026)

    The Art of Sarah (2026)

    6
    2026
    50m
    -3 Seasons
    kdrama
    Crime

    Synopsis

    ပရိသတ်ကြီးတိုရေ ဒီတစ်ပတ် သောကြာနေ့မှာ Mr. Queen ရဲ့ ပဲ့ကိုင်ရှင် မိဖုရားမားမား Shin Hae Sun ရဲ့ တစ်ကျော့ပြန် Comeback အဖြစ် series အသစ်ထွက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ မင်းသမီး Shin Hae Sun နဲ့ အတူ မင်းသား Lee Jun Hyuk, Kim Jae Won, မင်းသမီး Jung Da Bin နဲ့ နာမည်ကြီး ဇာတ်ပိုဇာတ်ရန်များစွာ ပါရှိပါတယ်။ လျှိဝှက်ဆန်းကြယ်အပြင် သည်းထိပ်ရင်ဖို အမျိုးအစားဖြစ်တဲ့အလျောက် ဇာတ်လမ်းတစ်လျှောက်လုံး စိတ်ဝင်စားဖွယ်ရာတွေ ပြည့်နှက်နေမှာကတော့ အသေအချာပါပဲ။ ဇာတ်လမ်းအားဖြင့်.... Sarah Kim ဆိုတဲ့ အမျိုးသမီးကို ကမ္ဘာကျော် ဇိမ်ခံပစ္စည်း ကုန်တံဆိပ်ရဲ့ ကိုယ်စားလှယ်ကြီးလို လူအများက သိထားကြပြီး နာမည်ပြောလိုက်ရုံနဲ့ မသိသူမရှိသလောက်ဖြစ်ပေမဲ့လည်း သူမရဲ့ ရုပ်သွင်ပြင်ကိုတော့ ဘယ်သူမှ မမြင်ဖူးကြပါဘူး။ တစ်နေ့မှာ ထူးဆန်းတဲ့ လူသတ်မှုတစ်ခုရဲ့ နစ်နာသူဟာ Sarah ဖြစ်နေပြီး စုံထောက်မူဂယောင်းဟာ အမှုကို စုံစမ်းဖော်ထုတ်ရင်း Sarah ဆိုတဲ့ ဖြစ်တည်မှုက အလိမ်အညာတွေနဲ့ တည်ဆောက်ထားကြောင်း တစ်စထက်တစ်စ သိလာရတဲ့အပြင် နောက်ဆုံးမှာ လူသတ်မှုနစ်နာသူဟာ Sarah မှ ဟုတ်ရဲ့လားဆိုပြီး မေးခွန်းထုတ်စရာတွေ ဖြစ်လာခဲ့ပါတော့တယ်။ Sarah ဆိုတဲ့ ဖြစ်တည်မှုဟာ ဘာလဲ... လူသတ်မှုရဲ့ နစ်နာသူကရော တခြားအမျိုးသမီးဖြစ်နေမလား.... စတဲ့ ပဟေဠိဆန်တဲ့မေးခွန်းတွေကို ပရိသတ်ကြီးပါ ကိုယ်တိုင်စီးမျောရင်း အဖြေရှာကြရမယ့် ဇာတ်လမ်းတွဲကောင်းတစ်ခုဖြစ်တာမို ကြည့်ရှုခံစားလိုက်ရအောင် ပရိသတ်ကြီးတိုရေ။

    11

    Download Links

    NoServer NameSizeResolutionLink
    1Telegram500MB
    HD
    Open