ဇာတ်လမ်းကတော့ ရူဂျာဆိုတဲ့ အမျိုးသမီးနဲ့ သူ့ရဲ့ သမီးငယ်လေး ရေချယ်တို့ကနေ စတင်ထားပါတယ်။ ရူဂျာရဲ့ ဖခင်ပကွန်ဟာ နာမည်ကြီး ပန်းချီဆရာတစ်ယောက်ဖြစ်ပြီး သူသေဆုံးသွားတဲ့အခါမှာတော့ တန်ဖိုးကြီးလှတဲ့ ပန်းချီကားတွေကို သမီးဖြစ်သူဆီ အမွေပေးခဲ့ပါတယ်။ ဒါပေမဲ့ ပြဿနာက ဒီပန်းချီကားတွေမှာ ထူးဆန်းတဲ့ အက်ကွဲကြောင်းတွေ ဖြစ်နေတာပါပဲ။ ဒီပန်းချီကားတွေကို ပြန်လည်ပြုပြင်ပြီး ရောင်းချဖို့အတွက် ရူဂျာဟာ အနုပညာလက်ရာတွေ ပြန်လည်ပြုပြင်တဲ့ ပညာရှင် တင်မ် ကို ငှားရမ်းခဲ့ပါတယ်။ တင်မ်တစ်ယောက် အက်ကွဲနေတဲ့ ပန်းချီကားတွေကို စတင်ပြုပြင်တဲ့ အချိန်ကစပြီး… သူတို့တွေရဲ့ ပတ်ဝန်းကျင်မှာ မူမမှန်တဲ့ ခြောက်ခြားစရာ အဖြစ်အပျက်တွေ ဆက်တိုက်ဆိုသလို ဖြစ်လာပါတော့တယ်။ အက်ကွဲကြောင်းတွေကြားထဲကနေ ထွက်ပေါ်လာတဲ့ မကောင်းဆိုးဝါး အရိပ်မည်းတွေက ဘာတွေလဲ… ဒီပန်းချီကားတွေရဲ့ နောက်ကွယ်မှာ ရူဂျာ့ဖခင် ဖုံးကွယ်ထားခဲ့တဲ့ သွေးပျက်စရာ အတိတ်ဆိုးက ဘာလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာပါ။ Jump scare တွေ၊ သွေးထွက်သံယို အခန်းတွေအပြင် Psychological Thriller ဆန်ဆန် ခြောက်လှန့်သွားမဲ့ ထိုင်းသရဲကားစစ်စစ်ဖြစ်တာမို့ Horror ဖန်တွေ လက်မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေးပါပဲ။
| No | Server Name | Size | Resolution | Link |
|---|---|---|---|---|
| 1 | Telegram | 1.7GB | HD | Open |