"ကျွန်တော်ဘာလို ဖဲသမားဖြစ်နေရသလဲ ဟုတ်လား? ဖဲသမားမှန်ရင် ပိုကာဝိုင်းတစ်ဝိုင်းမှာ အတူတူထိုင်လိုက်ပြီဆိုကတည်းက သူဌေးသားရော သူဖုန်းစားသားရော ဖဲ(၇)ချပ်ထပ် ပိုကိုင်လိုမရဘူးလေ" - Do Il-Chul နာမည်ကြီးလောင်းကစားသမားရဲ့သားဖြစ်သူ Doh Il Chul (Park Jeong Min)တစ်ယောက် လောင်းကစားကြောင့်ပဲ ဘဝပျက်လုနီးပါးဖြစ်နေတဲ့အချိန်မှာ တစ်ချိန်က သူ့အဖေဆီမှာ ကျေးဇူးကြွေးရှိခဲ့တယ်ဆိုတဲ့ လူတစ်ယောက်က ကယ်တင်ပေးခဲ့ပါတယ် .. အဲဒီလူကြောင့်ပဲ One Eyed Jack" ဆိုတဲ့အဖွဲ့နဲ့ တွေ့ပြီး နောက်ပိုင်းမှာ လောင်းကစားလောကရဲ့ အကောင်းဆုံးနဲ့ အန္တရာယ်အများဆုံး ပိုကာဝိုင်းကို ဖန်တီးလိုက်ကြပါတယ်။ ဖဲဝိဇ္ဇာတွေ စုမိသွားတဲ့အခါ လောင်းကစားဝိုင်းဟာ သာမန်ထက်ပိုတဲ့ အသက်ကိုပါ လောင်းကြေးထပ်ဖို့ ဖြစ်လာတဲ့အခါမှာတော့ လောင်းကစားလောကရဲ့ လှည့်ကွက်တွေ၊ သစ္စာဖောက်မှုတွေနဲ့ ပြည့်နှက်သွားပါတယ်။ ဒီလိုမျိုး စိတ်ဓာတ်စစ်ဆင်ရေးတွေ ပြည့်နှက်နေတဲ့အသက်လုပွဲကနေ Doh Il Chulတို့အဖွဲ့သားတွေ ဘယ်လိုလွတ်မြောက်အောင် လုပ်ဆောင်မလဲဆိုတာကိုတော့ ..