မော်တယ်ကွန်ဘတ် ဒီဇာတ်ကားမှာတော့ ကောင်လေးအဖွဲ့ထဲက ဘီလီဘွတ်ချာကြီးက ဂျွန်နီကေ့ချ်အဖြစ် ပါဝင်ထားပြီး ကစ်တာနာ Cast ကလည်း တော်တော်လေး game accurate ဖြစ်တာမလို့ အားလုံးကျေနပ်နေကြမယ် ထင်ပါတယ် MK ဟာ ဂိမ်းအနေနဲ့လည်း တော်တော်ကြီးအောင်မြင်မှုရရှိထားပြီး fan အရမ်းတောင့်တင်းတဲ့ဂိမ်းဖြစ်တာမလို့ ရုပ်ရှင်ထွက်လာတဲ့အခါမှာလည်း တော်တော်လေး အားပေးကြမ်းနေကြပါတယ် ပိုကောင်းတာတစ်ခုကတော့ ပထမကားမှာ တိုင်ပတ်သွားသမျှ ဒီကားနဲ့ပြန်အဖတ်ဆယ်ထားပြီး ရုံတင်ပိုင်းမှာရော rating အရပါ တော်တော်လေးအခြေအနေကောင်းနေတာပါ မော်တယ်ကွန်ဘတ်ဆိုတာကတော့ အထက်နတ်ဘုရားတွေက ချမှတ်ပေးထားတဲ့ပြိုင်ပွဲဖြစ်ပြီး ကမ္ဘာတစ်ခုက နောက်တစ်ခုကိုသိမ်းချင်တဲ့အခါ ဗမာလိုကြီးတက်သိမ်းလို့မရဘဲ ကမ္ဘာတွေကရွေးထားတဲ့ချန်ပီယံတွေဟာ သူတို့ကမ္ဘာအတွက် တိုက်ပွဲဝင်ရပါတယ် ကမ္ဘာတစ်ခုဟာ မော်တယ်ကွန်ဘတ်ပြိုင်ပွဲကို ဆယ်ပွဲဆက်တိုက်နိုင်တဲ့အခါ သိမ်းပိုက်ခွင့်ရှိပါတယ် ခုချိန်မှာတော့ Outer World ဆိုတဲ့ရှောင်ခန်ဦးစီးတဲ့ကမ္ဘာဟာ ကမ္ဘာမြေကို ကိုးပွဲနိုင်ထားတာဖြစ်ပြီး နောက်ထပ်တစ်ပွဲနိင်ရင် သိမ်းခွင့်ရတော့မှာပါ မိုးကြိုးနတ်ဘုရားရေဒန်ဟာ ကမ္ဘာရဲ့ချန်ပီယံအတွက် တစ်ယောက်လိုနေတာကြောင့် ဂျွန်နီကေ့ချ်ဆိုတဲ့ မင်းသားသရုပ်ဆောင်ကို အထက်နတ်ဘုရားတွေက ရွေးချယ်လိုက်ပါတော့တယ် ဂျက်စ် ဆွန်ညာ လျူခန်း ကိုးလ်ရောင်း ဂျွန်နီတို့ဟာ ကမ္ဘာမြေအတွက် ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ကမ္ဘာကြီးရဲ့ ကံကြမ္မာက ဒီလူတွေအပေါ် မူတည်နေတဲ့အခါမှာတော့…. ကမ္ဘာကိုကယ်တင်ဖို့ သူတို့တွေဟာ သေမျိုးတိုက်ပွဲတဖြစ်လည်း မော်တယ်ကွန်ဘတ်မှာ အသက်လုပြီး ယှဉ်ပြိုင်ကြပါတော့တယ်