Boys Over Flowers

    Boys Over Flowers

    7.5
    2009
    1 Seasons
    Kdrama

    Synopsis

    F4ချစ်သူဇာတ်လမ်းတွဲလေးဟာဆိုရင်  2009 ခုနှစ်မှာ KBS2 ရုပ်သံဇာတ်လမ်းတွဲကထုတ်လွှင့်ခဲ့တဲ့တောင်ကိုရီးယားနိုင်ငံမှာကောအာရှနိုင်ငံအနှံ့အပြားမှာပါနာမည်ကြီးကိုရီးယားဇာတ်လမ်းတွဲလေးလည်းဖြစ်ပါတယ်။ Lee Min-ho, Ku Hye-sun, Kim Hyun-joong (SS501), Kim Bum,Kim Joon (T-Max) နဲ့Kim So-eunတို့နဲ့အတူ အခြားနာမည်ကြီးသရုပ်ဆောင်များလည်းပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ်။ YokoKamioရေးသားထားတဲ့ ဂျပန်ကာတွန်းကိုပြန်လည်ရိုက်ကူးပုံဖော်ထားတာလည်းဖြစ်ပါတယ်။ မကာအိုနဲ့နယူးကယ်လီဒိုးနီးယားစတဲ့ဒေသရဲ့အလှတွေကိုလည်းဇာတ်ဝင်ခန်းအချို့မှာပုံဖော်ရိုက်ကူးထားတာလည်းမြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင်ဇာတ်ဝင်သီချင်းလေးတွေဟာလည်း အရမ်းနားထောင်လို့ကောင်းပါတယ်။ပါဝင်တဲ့သရုပ်ဆောင်တွေဟာလည်း မျက်နှာသစ်သရုပ်ဆောင်တွေဖြစ်ပေမယ့်လည်း ဇာတ်လမ်းတွဲပြသနေစဉ်အတွင်းမှာကတည်းနေ အခုချိန်ထိအောင်မြင်မှုတွေကိုယ်စီရရှိနေတဲ့ သရုပ်ဆောင်ကောင်းများဖြစ်တာမို့မကြည့်ရသေးတဲ့ပရိတ်သတ်များကိုကြည့်ရှုဖို့တိုက်တွန်းပါရစေနော် ဆိုတော့ ဇာတ်လမ်းပုံစံလေးက ဆင်းရဲပေမဲ့မဟုတ်မခံဆတ်ဆတ်ကျဲစိတ်ဓါတ်ရှိတဲ့ ရေကူးမယ်ဖြစ်ချင်တဲ့ကောင်မလေးတယောက်ဟာ သူဌေးသားသမီးတွေပဲတက်ရောက်ကြတဲ့ ရှင်ဟွာကုမ္ပဏီရဲ့အထက်တန်းကျောင်းလေးကို အကြောင်းတခုကြောင့်တက်ရောက်ခွင့်ရခဲ့ပါတယ်။ အဲ့ဒီကောင်မလေးနဲ့ရှင်ဟွာကျောင်းကF4ဆိုတဲ့ကောင်လေးချောချောလေးယောက်ဖွဲ့ထားတဲ့အဖွဲ့နဲ့ဆုံတွေ့ကြတဲ့အခါမော်ဒန်ခေတ်ရဲ့စင်ဒရဲလားပုံပြင်လိုအရသာကိုပေးစွမ်းပေးနိုင်တဲ့လူငယ်အချစ်ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။

    11

    Download Links

    NoServer NameSizeResolutionLink
    1Telegram-
    HD
    Open