My Youth

    My Youth

    8.7
    2025
    1h
    1 Seasons
    drama
    Romance
    Life
    Melodram

    Director: Lee Sang-yeop

    Synopsis

    ဒီတစ်ခေါက် အသစ်ထွက်ရှိလာတဲ့ ဇာတ်လမ်းတွဲအသစ်လေးကတော့ Reborn Rich အပြီး ၃ နှစ်အကြာမှ ထွက်ရှီလာတဲ့ Song JoongKi ရဲ့ comeback drama လေးဖြစ်ပြီး The 8 Show ထဲက Chun Woo Hee၊ Twenty-Five Twenty-One ထဲက Lee Joo Myung နဲ့ My Lovely Liar ထဲက Seo Ji Hoon တို့က အဓိက ပါဝင်သရုပ်‌ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ငယ်ငယ်တည်းက အချင်းချင်းအပေါ် ခံစားချက်တွေရှိနေတဲ့ အချစ်ဦးနှစ်ယောက် ပြန်ဆုံတွေ့ကြတဲ့ healing drama လှလှလေးပါပဲ... Sun Woohae (Song Joongki) ကတော့ ငယ်ငယ်တည်းက လူကြိုက်များတဲ့ ကလေးသရုပ်ဆောင်ဖြစ်ခဲ့ပြီး အောင်မြင်မှုတွေလည်း အများကြီး ရခဲ့ပေမဲ့ လူကြီးတွေရဲ့ လောဘကြောင့် အောင်မြင်မှုတွေ ကျဆင်းခဲ့ရသူပါ။ လက်ရှိမှာတော့ အဲဒီအခြေအနေတွေကို ခက်ခက်ခဲခဲကျော်ဖြတ်ပြီး စာရေးဆရာ တစ်ဖြစ်လဲ ပန်းခြံပိုင်ရှင်တစ်ဦးအနေနဲ့ နေထိုင်လျက်ရှိပါတယ်။ Seong Jeyeon (Chun Woohee) ကတော့ ချမ်းသာတဲ့မိသားစုက မွေးဖွားလာပေမဲ့ မိသားစုက ရုတ်တရက်ကြီး စီးပွါးပျက်သွားတာကြောင့် အထည်ကြီးပျက်ဘဝကို ရောက်သွားရကာ လက်ရှိမှာတော့ Feel Entertainment မှာ အလုပ်လုပ်နေတာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ငယ်ငယ်ကတည်းက အချင်းချင်း အချစ်ဦးတွေဖြစ်ခဲ့ကြတဲ့အပြင် ခက်ခဲတဲ့ အချိန်တွေမှာ အချင်းချင်းအတွက် အားအင်ဖြစ်ပေးခဲ့ကြတာပါ။ ဒီလိုမျိုး အချစ်ဦးနှစ်ယောက် အသက်အရွယ်တစ်ခုရောက််မှ ပြန်တွေ့တဲ့အခါမှာတော့ ခံစားချက်တွေက အရင်လိုပဲ လတ်ဆတ်နေဦးမလားဆိုတာကိုတော့ My Youth အမည်ရတဲ့ healing drama လေးမှာ ကြည့်ရှုခံစားလိုက်ကြပါဦးနော်။

    11

    Download Links

    NoServer NameSizeResolutionLink
    1Telegram-
    HD
    Open
    2MEGA1GB
    HD
    Open