Husbands in Action

    Husbands in Action

    7
    2026
    1h 50m
    Kdrama

    Synopsis

    မူးယစ်ဆေးမှု စုံထောက် ဟွမ်ချွန်းရှစ် (Jin Sun-Kyu) ဟာဆိုရင် ဇနီးဟောင်းဖြစ်သူ ရှီနယ် (Kang Hanna) အပေါ် သံယောဇဉ်မပြတ်နိုင်သေးသလို သမီးလေး ဟွမ်ယွန်းဂျူ (Oh Eun-Seo) အပေါ်လည်း အရမ်း ကြင်နာမှုရှိတဲ့ ဖခင်ကောင်းတစ်ယောက်ပါ။ ဒါပေမဲ့ ရှီနယ်ရဲ့ လက်ရှိခင်ပွန်းဖြစ်သူ တိကုဆရာဝန် အီမင်ဆော့ (Gong Myung) ရှေ့ကို ရောက်သွားရင်တော့ အတိုင်းအဆမရှိကို ကလေးဆန်သွားတတ်သူပေါ့။ တစ်နေ့ ယွန်းဂျူရဲ့ အင်္ဂလိပ်စကားပြောစွမ်းရည်ပြိုင်ပွဲကို တက်ရောက်လာကြတဲ့ ချွန်းရှစ်နဲ့ မင်ဆော့တို့က မိသားစုထိုင်ခုံနေရာမှာ ထိုင်ရဖို့အတွက် အားပြိုင်နေကြချိန်မှာပဲ ဟယ်ရန်း (Lee Da-Hee) ဆိုသူက ရှီနယ်နဲ့ ယွန်းဂျူတို့ကို ပြန်ပေးဆွဲထားကြောင်း၊ ချွန်းရှစ် မကြာသေးခင်က ဖမ်းဆီးခဲ့တဲ့ သူ့ရဲ့ခင်ပွန်းသည် မူးယစ်ဂိုဏ်းခေါင်းဆောင် မာဒိုဂျွန်း (Kim Ji-Seok) ကို ပြန်လည် ခေါ်ဆောင်လာပေးလိုကြောင်း ဖုန်းဆက်ခြိမ်းခြောက်လာပါတော့တယ်။ အဲဒီလိုကနေ ရှီနယ်နဲ့ ယွန်းဂျူကို ကယ်တင်ဖို့အတွက် ချွန်းရှစ်နဲ့ မင်ဆော့တို့ လက်တွဲပူးပေါင်းဖြစ်သွားတဲ့အခါမှာတော့... ရှီနယ့်အပေါ်ထားရှိတဲ့ စိတ်ကတော့ တစ်သားတည်းဆိုပေမဲ့ အကျင့်စရိုက်ရော အလုပ်အကိုင်ပါ ကွဲပြားခြားနားကြတဲ့ ခင်ပွန်းဟောင်းနဲ့ လက်ရှိခင်ပွန်း... ဒီလို ကိုးရိုးကားရားနိုင်ပြီး ရယ်ချင်စဖွယ်ဖြစ်နေတဲ့ ပူးပေါင်းကယ်တင်မှုက တကယ်ပဲ အောင်မြင်နိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက် ကြည့်ရှုပေးကြပါဦးရှင်။

    11

    Download Links

    NoServer NameSizeResolutionLink
    1Telegram2GB
    HD
    Open
    2MEGA900MB
    HD
    Open