ထိုင်းအောက်လမ်း ဟော်ရာကားကောင်းကောင်းမှ ကြိုက်ပါတယ်ဆိုတဲ့ ပရိသတ်ကြီးအတွက် ၂၀၂၆ ခုနှစ်ထွက် ထိုင်းဇာတ်ကားသစ်ကြီး “Panor 2” ကို တင်ဆက်ပေးလိုက်ပါပြီဗျာ။ ဒီကားကတော့ အောက်လမ်းပညာကားတွေထဲမှာ နာမည်ကြီးတဲ့ ကာရိုက်တာတစ်ခုဖြစ်တဲ့ ပါနော ရဲ့ အဆက်ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ ရှေ့ကားဖြစ်တဲ့ အပိုင်း (၁) တုန်းက ပနော်ဟာ မျက်လုံးသုံးလုံးနတ်ဘုရား (Three-Eyed God) ရဲ့ ကြောက်မက်ဖွယ် စွမ်းအားတွေကို စွန့်လွှတ်လိုက်တယ်ဆိုတာ မှတ်မိကြဦးမှာပါ။ အဲဒီလို စွန့်လွှတ်လိုက်ပြီးတဲ့နောက်မှာတော့ သူမရဲ့ ဘဝကြီးဟာ အစကနေ ပြန်လည်စတင်ရသလို ဖြစ်သွားပြီး သူမရဲ့ မှတ်ဉာဏ်တွေအားလုံးလည်း ဖျက်ပစ်ခံလိုက်ရပါတယ်။ ဒီတစ်ခါ အပိုင်း (၂) မှာတော့ မှတ်ဉာဏ်တွေပျောက်ဆုံးနေတဲ့ ပါနောတစ်ယောက် ဆေးကုသပေးတဲ့ ဆရာမလေးတစ်ယောက်အနေနဲ့ ဘဝသစ်ကို ဖြတ်သန်းဖို ကြိုးစားနေတာပါ။ ဒါပေမဲ့ သူ့ရဲ့ အစစ်အမှန် စွမ်းအားတွေ နိုးထမလာခင်စပ်ကြားမှာတင် ပါနောတစ်ယောက် ပတ်ဝန်းကျင်က လူတွေရဲ့ အမြဲတမ်း အထင်လွဲမှားမှုတွေ၊ အပြစ်တင်မှုတွေကို ဆက်တိုက် ခံလာရပါတယ်။ ပိုဆိုးတာက ပတ်ဝန်းကျင်မှာ လူသေမှုတွေဖြစ်လာတဲ့အခါ လူတွေက ပါနောကိုပဲ လူသတ်သမားဆိုပြီး ဝိုင်းဝန်းစွပ်စွဲလာကြတဲ့အခါမှာတော့… မှတ်ဉာဏ်တွေမရှိတော့တဲ့ ပါနောတစ်ယောက် ဒီလို အကျပ်အတည်းတွေ၊ စွပ်စွဲမှုတွေကြားကနေ ဘယ်လိုရုန်းထွက်မလဲ။ သူ့ရဲ့ ကိုယ်တွင်းက အစစ်အမှန် စွမ်းအားကြီး နိုးထလာတဲ့အခါမှာရော လူတွေကို ဘယ်လို ပြန်လည်တုံပြန်မလဲဆိုတာကတော့… ထိုင်းအောက်လမ်း ဟော်ရာကားတွေရဲ့ ထုံးစံအတိုင်း ကျောချမ်းစရာ အဖြစ်အပျက်တွေ၊ အစိမ်းသေ သရဲခြောက်လှန့်မှုတွေနဲ့အတူ ပါနောရဲ့ အမိုက်စား Comeback ကို မြင်တွေ့ရမှာဖြစ်လို လက်မလွတ်တမ်း ခုပဲ ဒေါင်းကြည့်လိုက်ကြပါဦးစို။