Tom and Jerry: Forbidden Compass

    Tom and Jerry: Forbidden Compass

    6.5
    2025
    1h 30m
    Anime

    Synopsis

    အားလုံးအတွက် ကလေးဘဝကအချစ်တော်လေးတွေဖြစ်တဲ့ Tom And Jerryကာတွန်းရဲ့ Chinese Version အသစ်စက်စက်စွန့်စားခန်းရုပ်ရှင်ကားကြီးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ Tom ကရှေးဟောင်းပြတိုက်မှူးဖြစ်ပြီးတော့ Jerryကရှေးဟောင်းပစ္စည်းမက်မောတဲ့ကြွက်ကလေးဖြစ်တယ်။ ထုံးစံအတိုင်းရှေးဟောင်းပြတိုက်ထဲမှာ ပြေးရင်းလိုက်ရင်းနဲ့ ဆန်းကြယ်တဲ့လျှို့ဝှက်တံခါးဖြစ်တဲ့ ကြယ်တာရာသံလိုက်အိမ်မြှောင်ပွင့်သွားပြီးတော့ ၂ကောင်သား ရှေးခေတ်တရုတ်ပြည်ကိုရောက်သွားကြပါတယ်။ ပြေးရင်းလိုက်ရင်းနဲ့ Tom က ကြယ်တာရာသံလိုက်အိမ်မြှောင်ကိုပိုင်တဲ့ ကျင်းချန်မြို့ရဲ့ကယ်တင်ရှင်သူရဲကောင်းကြီးဖြစ်သွားပါတယ်။ ဒီဘက်ခေတ်မှာမွှေရတာတင်အားမရလို့ ကြောင်နဲ့ကြွက်တို့ ရှေးခေတ်ထိသွားပြီး နတ်ဘုရားတွေကိုတောင်မွှေမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ကြောင်နဲ့ကြွက်ရဲ့ ထုံးစံအတိုင်း တစ်ယောက်နဲ့တစ်ယောက် ခြေထိုးခံရင်း အလွဲလွဲအချော်ချော်တွေလုပ်ကြရင်း ပုံစံဟောင်းအတိုင်းအပြင် ဒီဘက်ခေတ်Visual Effectsတွေနဲ့ ပေါင်းစပ်ထားပြီး ဆန်းသစ်တောက်ပအောင်ပုံဖော်ထားပါတယ်။ ကလေးရောလူကြီးပါ တပျော်တပါး ထိုင်ကြည့်ပြီး ပါးစပ်မစေ့အောင်ရယ်ရမယ့် ကာတွန်းကားကောင်းလေးပဲဖြစ်ပါတယ်

    11

    Download Links

    NoServer NameSizeResolutionLink
    1Telegram-
    HD
    Open
    2MEGA2Gb
    HD
    Open