Master Zhong

    Master Zhong

    6.5
    2026
    1h30m
    anime

    Synopsis

    မိစ္ဆာလောကနဲ့ လူ့လောကကိုငြိမ်းချမ်းမျှတအောင်ထိန်းချုပ်ပေးရတဲ့ ကျုံးခွေ...... ကျုံးခွေဆိုတာ အစပိုင်းမှာတော့လူပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပေမယ့် သူ့ရဲ့ဖြစ်တည်မှုကဒဏ္ဍာရီတစ်ခုဖြစ်လာပြီး မိစ္ဆာနှိမ်နင်းသူတစ်ယောက်ရဲ့ဂုဏ်ပုဒ်ဖြစ်လာပြီးတော့ ခေတ်အဆက်ဆက် မျိုးဆက်အဆက်ဆက် ဆရာကနေတပည့်ကိုလွဲအပ်ပေးလာခဲ့ပါတယ်။ တစ်နေ့မှာတော့ ကျုံးခွေကလူ့ပြည်မှာမိစ္ဆာနှိမ်နင်းရင်း လူ့ပြည်ကမိန်းမငယ်လေး ချူးကျိုကို မထင်မှတ်ပဲကယ်တင်မိသွားပါတယ်။ ဒဏ်ရာရထားတဲ့ချူးကျိုကို ကျုံးခွေကဆေးကုပေးဖို့ မြေအောက်လောကငရဲပြည်ကအိမ်တော်ကို ပြန်ခေါ်လာခဲ့ပါတယ်။ ဒီလိုနဲ့ချူးကျိုလေးက ထူးဆန်းတဲ့သူငယ်ချင်းလေးတွေရလာခဲ့ပါတယ်။ ဒီလိုနဲ့ ချူးကျိုလေးက နတ်ပြည်ရဲ့နာမည်ကြီးပုဂ္ဂိုလ် နတ်နားပိုင်ရှင် ထုန်းလင်အာ၊ သိမ်မွေ့တဲ့ မုံ့နျန်၊ ချစ်စရာကောင်းပြီး အူကြောင်ကြောင်နိုင်တဲ့ ငရဲပြည်အစောင့်အရှောက်တွေဖြစ်တဲ့ နျိုထိုနဲ့ မာမြန့်တို့နဲ့အတူ ပျော်စရာလဲကောင်း ထိတ်လန့်စရာလဲကောင်းတဲ့ ငရဲပြည်ခရီးစဉ်ကစတင်သွားပါတယ်။ ချူးကျိုလေးက ကျုံးခွေရဲ့လေးစားစရာကောင်းတဲ့ စိတ်နေစိတ်ထားအပြင် မိစ္ဆာတွေရဲ့ရန်ကနေလူသားတွေကိုကူညီချင်တာကြောင့် ကျုံးခွေဆီမှာတပည့်ခံဖို့ဆုံးဖြတ်လိုက်ပါတယ်။ ကျုံးခွေသူ့ကိုလက်ခံဖို့ အသေအလဲကြိုးစားပေမယ့် အစပိုင်းမှာတော့ ကျုံးခွေက လူသားတပည့်ကိုလုံးဝလက်မခံပါဘူး။ ဒါပေမယ့် ချူးကျိုနဲ့အတူမိစ္ဆာနှိမ်နင်းတဲ့အခါမှာ ချူးကျိုရဲ့စိတ်ရင်းနဲ့ ပါရမီကိုမြင်လိုက်ရတဲ့အတွက် တဖြည်းဖြည်းချင်းချူးကျိုကိုအသိအမှတ်ပြုလာခဲ့ပါတယ်။ တစ်ဖက်မှာလဲ သူတို့လိုက်နေတဲ့မိစ္ဆာရဲ့နောက်ကြောင်းဟာ အင်အားကြီးပြီး လျှို့ဝှက်ချက်တွေနဲ့ပြည့်နှက်နေပါတယ်။ လူ့ပြည်နဲ့ ငရဲပြည် လောက(၂)ခုလုံး ပျက်စီးဒုက္ခရောက်ရမယ့် အန္တရာယ်ကြီးတစ်ခု တိတ်တဆိတ်ရိုက်ခတ်လို့လာတဲ့အခါ ဆရာတပည့်နှစ်ယောက် ဒီလောက(၂)ခုလုံးကိုဘယ်လိုကယ်တင်သွားမလဲဆိုတာကို ရင်ခုန်စွာနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်

    11

    Download Links

    NoServer NameSizeResolutionLink
    1Telegram1.4GB
    HD
    Open