Before Granny Gets Us

    Before Granny Gets Us

    6.3
    2026
    2h
    Horror

    Synopsis

    ဒီကားထဲမှာဆိုရင် ပရိသတ်တွေရဲ့ အချစ်တော် မင်းသားချော Angga Yunanda နဲ့ လူရွှင်တော် မင်းသား Dodit Mulyanto တိုက အမြွှာညီအစ်ကိုတွေဖြစ်တဲ့ ဟက်စတူ နဲ့ အက်ဘာ တိုအနေနဲ့ ပါဝင်သရုပ်ဆောင်ထားတာပါ။ ဇာတ်လမ်းကတော့ ဟက်စတူနဲ့ အက်ဘာတိုရဲ့ အဘွားဖြစ်သူဟာ အင်မတန် ထူးဆန်းတဲ့ ၆ ဂဏန်းစုံတဲ့ နေ့တစ်နေ့မှာ ရုတ်တရက် ကွယ်လွန်သွားခဲ့ရာကနေ စတင်ပါတယ်။ ထုံးစံအတိုင်း အသုဘချပြီးရင် ပြီးပြီပေါ့လို ထင်စရာရှိပေမဲ့… သူတိုအဘွားက သာမန်မဟုတ်ခဲ့ပါဘူး။ သေဆုံးသွားတဲ့ အဘွားရဲ့ ဝိညာဉ်က မြေးနှစ်ယောက်ကို နေ့ရောညပါ အရိပ်တကြည့်ကြည့်နဲ့ လိုက်လံခြောက်လှန့်နေပါတော့တယ်။ ပိုဆိုးတာက အဘွားကြီးက တမလွန်ကို တစ်ယောက်တည်း မသွားချင်ဘဲ သူ့နောက်ကို အဖော်အဖြစ် လိုက်ခဲ့ဖို “အစားထိုးမယ့်သူ” ကို မြေးနှစ်ယောက်ကို အတင်းရှာခိုင်းနေတဲ့အခါ… အဘွားနောက်ကိုလည်း ကိုယ်တိုင် မလိုက်ချင်၊ အဘွားကိုလည်း ကြောက်ရနဲ့ ဒီညီအစ်ကိုနှစ်ယောက် အသက်လုပြေးရင်း ကြောက်ကြောက်နဲ့ ဘယ်လို တလွဲတချော်တွေ ဗျာများကြမလဲ။ အဘွားကြီး သူတိုကို အမိမဖမ်းခင် အစားထိုးမယ့်သူကို အချိန်မီ ရှာတွေ့သွားမလားဆိုတာကို ရယ်မော ထိတ်လန့်ဖွယ် ရှုစားရမှာပါ။ ကြောက်လည်းကြောက်ရ အူတက်အောင်လည်း ရယ်ရမယ့် ဇာတ်ကားကောင်းလေးမို ပိတ်ရက်မှာ သူငယ်ချင်းတွေ မိသားစုတွေနဲ့ အတူတူ ကြည့်ရှုဖို လုံးဝ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ

    11

    Download Links

    NoServer NameSizeResolutionLink
    1Telegram1.9GB
    HD
    Open