“ဝူခုန်း” လိုပြောလိုက်တာနဲ့ လူတိုင်းသိကြတဲ့အစွမ်းထက်တဲ့မျောက်ဘုရင်လို တန်းမှတ်မိကြမှာပါ။ ဒီတစ်ခေါက်မှာလည်း ဇာတ်လမ်းတွဲအနေနဲ့ ဇာတ်လမ်းကိုတမူထူးခြားအောင်မွမ်းမံရိုက်ကူးထားတဲ့ အသစ်ထွက်ရှိလာသော မျောက်ဘုရင်ဇာတ်လမ်းလေးနဲ့မိတ်ဆက်ပေးမယ်နော် 🐵 ဒီဇာတ်လမ်းလေးစတင်လာပုံကတော့ သာမန်လူငယ်လေးတစ်ယောက် မတော်တဆအချိန်ကိုဖြတ်ကျော်မိသွားရင်း နောက်ထပ်ကမ္ဘာတစ်ခုကိုရောက်ရှိသွားပါတယ်။ သူ့ဝိညာဥ်က အဲဒီကမ္ဘာလောကကြီးရဲ့ကျောက်တုံးကနေမွေးဖွားလာတဲ့မျောက်တစ်ကောင်ဆီဝင်ရောက်သွားပါတော့တယ် ဒါနဲ့ သူဟာထာဝရရှင်သန်ဖိုအတွက် နည်းလမ်းကိုရှာဖွေရင်း ဘယ်လို အဟန့်အတားတွေနဲ့ ကြုံတွေ့ရမလဲ၊ ဘယ်လို စိတ်လှုပ်ရှားဖွယ်အန္တရာယ်တွေနဲ့ ရင်ဆိုင်ရမလဲ၊ ဘယ်လို နတ်ဘုရားတွေ မိစ္ဆာတွေနဲ့တွေ့ဆုံရမလဲ…. နောက်ဆုံးမှာရော သူနေတဲ့ကမ္ဘာဆီပြန်ရောက်မလား… သူရှာဖွေနေတဲ့ ထာဝရရှင်သန်မှုကိုရော ရှာဖွေတွေ့ရှိမလားဆိုတာ… SoulKingdom မှာအတူတူကြည့်ရအောင်နော်
| No | Server Name | Size | Resolution | Link |
|---|---|---|---|---|
| 1 | Telegram | 600MB | HD | Open |