ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း အီစန်ဒေသရဲ့ ရိုးရာယုံကြည်မှုနဲ့ သုဘရာဇာတို့ရဲ့ ဘဝကို ဟာသနှော ရိုက်ကူးထားပြီး အောင်မြင်မှုရရှိခဲ့တဲ့ The Undertaker (၂၀၂၃) ဇာတ်ကားရဲ့ နောက်ဆက်တွဲလေးပါ။ ရွာလေးတစ်ရွာမှာ အရင်ကဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကြောင့် လူတွေရဲ့ဘဝဟာ တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် အဖွားဂျွိင်း တစ်ယောက် မိုးကြိုးထိပြီးနောက်မှာ မယုံနိုင်စရာကောင်းလောက်အောင် ပြန်လည်အသက်ရှင်လာတဲ့အခါ အရာအားလုံး ပြန်လည်ရှုပ်ထွေးလာပါတော့တယ်။ တစ်ဖက်မှာလည်း ဇနီးဖြစ်သူဆုံးသွားလို့ အသည်းကွဲ ဝမ်းနည်းပူဆွေးနေရတဲ့ ကောင်လေး "ထွတ်" ဟာ အဖွားဂျွိင်းရဲ့ ထူးဆန်းစွာ သေကံမရောက် သက်မပျောက် ပြန်ရှင်လာတာကို သိသွားတဲ့အခါမှာတော့ အရမ်းစိတ်ဝင်စားသွားခဲ့ပါတယ် ဒါဟာ ရိုးရိုးအံ့ဩဖွယ်ဖြစ်ရပ် မဟုတ်ဘဲ သူချစ်ရတဲ့မိန်းမဆီ ပြန်သွားနိုင်ဖို့နဲ့ သေဆုံးပြီး တမလွန်နဲ့ ဆက်သွယ်နိုင်မယ့် သော့ချက်တစ်ခု ဖြစ်နိုင်တယ်လို့ ယုံကြည်သွားတဲ့အခါ... သုဘရာဇာ လူငယ်အဖွဲ့ရဲ့ ဆန်းကြယ်လှတဲ့ အစီအရင်တွေ၊ အီစန်ရိုးရာယုံကြည်မှုတွေ၊ သရဲ/ဝိညာဉ်ဆန်တဲ့ အငွေ့အသက်တွေနဲ့အတူ သေဆုံးပြီး တမလွန်အကြောင်းကို ဟာသနှောပြီး ကြည့်ရှုရမယ့်အပြင် သံယောဇဉ်နဲ့ လက်လွှတ်ဆုံးရှုးရတဲ့ ခံစားချက်တွေကိုပါ ခံစားရစေမှာပါ သေဆုံးခြင်းနဲ့ အသက်ရှင်ခြင်းကြားမှာ တကယ်ရှိနေတာက ဘာများဖြစ်နိုင်မလဲ... အဖြေကိုတော့ ဇာတ်ကားကြည့်ရင်း ကိုယ်တိုင်ပဲရှာကြည့်လိုက်ပါတော့နော်.......