နဲ့ ငယ်ငယ်က ကျူရှင်အပြီးမှာအိမ်အပြေးပြန်ပြီး ကြည့်ခဲ့ဖူးတဲ့ အမှတ်တရတွေပြန်တွေးမိနေပြီလား? တကယ်လည်း 2011ကထွက်ရှိခဲ့တဲ့ ဒီကားလေးကKdrama ချိုးကပ်တွေနဲ့ မစိမ်းတဲ့ကားလေးပါနော်။အိပ်မက်တွေဆီကို အရောက်လှမ်းနိုင်ဖို့ အထောက်အပံ့တစ်ခုဖြစ်တဲ့နာမည်ကြီး ဂီရင်းအနုပညာကျောင်းတော်ကြီးမှာပုံစံမတူ၊အခြေအနေမတူကြတဲ့ လူငယ်တွေစုဝေးနေပြီးသူတို့အားလုံးမှာ တူညီတာတစ်ခုက ပွဲဦးထွက်ပြီးတောက်ပတဲ့ကြယ်ပွင့်လေးတွေ ဖြစ်ချင်တဲ့ အိပ်မက်တစ်ခုတည်းပါပဲ။ လူအများရှေ့မှာ လင်းလက်နေချင်တဲ့အလင်းရောင် ထွက်ပေါ်ခါစ ကြယ်ပွင့်လေးတွေရဲ့တစ်လှမ်းချင်းလှမ်းရင်း တလက်လက်တောက်ပလာပုံကို ကြည့်နေရတာကဒီကားရဲ့အရသာဆိုတာ ရင်းနှီးတဲ့လူတိုင်း သိလောက်မှာပါ။ အရည်အချင်းရှိရင်ရှိသလောက် ကြိုးစားရင်ကြိုးစားသလောက်ဘယ်လောက်ပဲမြင့်မားတဲ့အိပ်မက်ဖြစ်နေပါစေကြိုးစားနေသ၍ အောင်မြင်မှုဆိုတာ ရှိစမြဲပဲဆိုတာကို ပြောပြပေးခဲ့တဲ့ ဇာတ်လမ်းလေးပါ။ ပါဝင်အားဖြည့်ထားတဲ့ Cast တွေကလည်းလက်ရှိမှာဒိတ်ဒိတ်ကြဲအောင်မြင်နေတဲ့ နာမည်ကြီးအနုပညာရှင်တွေပါပဲ။ ကျေးတောရွာလေးကအရည်အချင်းရှိတဲ့ လူငယ်လေးအဖြစ်(Kim Soo Hyun) မွေးကတည်းက ရွှေဘုံနန်းစံလေး ဖြစ်ပြီး အထိမခံ မာနခဲလေးအဖြစ်(Bae Suzy) အရည်အချင်းရှိရဲ့သားနဲ့ အိပ်မက်ကိုတက်လှမ်းဖို့ လမ်းစပျောက်နေတဲ့ လူငယ်လေးအဖြစ် (2PM-Ok Taecyeon) ဘုရားပေးတဲ့ဆုလာဘ်အနေနဲ့ ချိုသာတဲ့အသံကိုပိုင်ဆိုင်ထားတဲ့ ကောင်မလေးအဖြစ် (IU) အရည်အချင်းရှိပြီး အလားအလာကောင်းတဲ့ အကသမားအဖြစ် (2PM-Jang WooYoung) သူတို့အကုန်လုံးရဲ့မှီခိုရာအားထားရာ ဆရာအဖြစ် Penthouseထဲက အားလုံးရဲ့ အချစ်တော် ဂျူဂျူကြီး(Um Ki Joon)တို့အပြင် JYP တို့ Bae Young Joon တို့လို တခြားနာမည်ကြီးအနုပညာရှင်ပေါင်းများစွာလည်း ပါဝင်ခဲ့ကြပါတယ်။
| No | Server Name | Size | Resolution | Link |
|---|---|---|---|---|
| 1 | Telegram | - | HD | Open |